Quantum Computing - Part 1
26 April 2022
quantum computingqubitQubit representation
Quantum bit (qubit) ဆိုတာ ကွမ်တမ်တွက်ချက်မှုအတွက် အချက်အလက်ကို သိမ်းဆည်းနိုင်တဲ့ အခြေခံယူနစ်တစ်ခုဖြစ်ပါတယ်။ Classical bit (cbit) တခုမှာ သိမ်းဆည်းနိုင်တဲ့အချက်အလက်က binary တန်ဖိုး 0 နဲ့ 1 ဖြစ် တာကို သိပြီးဖြစ်ပါတယ်။ Qubit တခုမှာတော့ အချက်အလက်ကို ဘယ်လိုသိမ်းသလဲဆိုတာလေ့လာဖို့ qubit ကို vector တခုအနေနဲ့ဖော်ပြတဲ့စနစ်ကိုသိဖို့လိုအပ်ပါတယ်။
Ordinary vectors
အရင်ဆုံး 2D Euclidean vector တခုကို ကြည့်ပါ။ X,Y axis ပေါ်မှာဆွဲထားတဲ့ vector တခုဖြစ်တဲ့ မှာ x-component နဲ့ y-component ရှိပါတယ်။ X,Y-direction မှာရှိတဲ့ အလျားတယူနစ်ရှိတဲ့ vector တွေကို လို့ခေါ်လေ့ရှိပါတယ်။ သူတို့နှစ်ခုက linearly independent ဖြစ်တဲ့အတွက်ကြောင့် အတွဲက 2D Euclidean vector space ရဲ့ orthonormal basis တခုဖြစ်ပါတယ်။
Qubit vectors
အခုဒီ vector သဘောတရားကိုပဲ quantum mechanics မှာသုံးလေ့ရှိတဲ့ Dirac notation လို့ခေါ်တဲ့ notation နောက်တခုနဲ့ပြောင်းရေးကြည့်ပါမယ်။ ဒီ notation မှာ vector တွေကို ket လို့ခေါ်တဲ့ "" သင်္ကေတထဲမှာထည့်ရေးပါတယ်။ ဥပမာ ကို ket လို့ဖတ်ပြီး ဟာ vector တခုဖြစ်တာကိုဖော်ပြပါတယ်။ ဒီ notation မှာတော့ basis vector တွေဖြစ်တဲ့ တို့ကို နဲ့အစားထို းလိုက်ပါမယ်။
ဒုတိယနဲ့ တတိယညီမျှခြင်းတွေမှာလိုမျိုး column vector အနေနဲ့ရေးရင် basis ကိုသုံးထားတယ်လို့ယူဆရပါမယ်။ ဒီ vector ကိုသုံးပြီး qubit တခုရဲ့ state ကိုဖော်ပြလို့ရပါတယ်။ တခုပဲထပ်ပိုတာက qubit အတွက်ဆိုရင်တော့ ကိန်းတွေက real number တွေမဟုတ်ပဲ complex number တွေဖြစ်ကြပါတယ်။ ဒီတော့ qubit state တစ်ခုကို 2D complex vector တစ်ခုနဲ့ ဖော်ပြတယ်လို့ပြောနိုင်ပါတယ်။
ဘာလို့ complex number ကိုသုံးရလဲဆိုတော့ qubit က quantum ဝတ္ထုတခုဖြစ်ပြီး quantum ဝတ္ထုတွေက လှိုင်းသဘာဝရှိတာကိုကြားဖူးမှာပါ။ လှိုင်းအကြောင်းပြောတဲ့အခါမှာ amplitude တို့ phase တို့သုံးရတာကြောင့် qubit တွေရဲ့ relative phase ဆိုတာကိုတိုင်းတာတဲ့အခါမှာ complex number တွေကအရေးပါလာပါတယ်။ Qubit ကိုဖော်ပြတဲ့ state vector ကလည်း ဒီအချက်အလက်ကို သိမ်းဆည်းရတဲ့အတွက် complex vector ဖြစ်ရပါမယ်။
Superposition
Qubit statevector ကိုကြည့်ရင် ရော ရောက basis state တွေအနေနဲ့ပါဝင်နေပြီး component တွေဖြစ်တဲ့ တို့နဲ့ပေါင်းစပ်ထားတာကို တွေ့နိုင်ပါတယ်။ ဒါက vector သဘောတရားအရတော့ အထူးအဆန်းမဟုတ်ပါဘူး။ Vector တခုဟာ basis တွေကို linear combination လုပ်ထားတာပဲဖြစ်ပါတယ်။ Quantum mechanics မှာတော့ ဒီလို combination လုပ်ထားတဲ့ state ကို superposition လို့ခေါ်ပါတယ်။ ဒီ superposition ဆိုတဲ့အသုံးကလည်း လှိုင်းမက္ကန်းနစ်က လှိုင်းထပ်ခြင်းသဘောတရားကနေ လာတာဖြစ်ပါတယ်။ ပြန်ချုပ်ရရင်တော့ superposition ဆိုတာ basis state တွေကို component တွေနဲ့ ပေါင်းစပ်ထားတဲ့ linear combination state ဖြစ်ပါတယ်။
What is a qubit made of?
Qubit ကို သင်္ချာနည်းနဲ့ဖော်ပြတာတော့ဟုတ်ပါပြီ၊ qubit ဆိုတာ တကယ်တော့ဘာလဲလို့မေးစရာရှိပါတယ်။ Quantum computer ရဲ့တည်ဆောက်ပုံကိုမူတည်ပြီး physical qubit အမျိုးအစားအမျိုးမျိုးရှိပါတယ်။ ဥပမာ အလင်းရဲ့ polarization, electron ရဲ့ spin, charged particle ရဲ့ energy level စသဖြင့် ကွမ်တမ်သဘာဝရှိတဲ့အရာတွေကို အခြေခံပြီး ကွမ်တမ်ကွန်ပျူတာကိုတည်ဆောက်ပါတယ်။ ဒီကွမ်တမ်အမှုန်အသီးသီးမှာ ဖြစ်နိုင်တဲ့ state နှစ်ခုကို နဲ့ လို့နာမည်ပေးလိုက်တာပါပဲ။ ဥပမာ electron ရဲ့ spin-up state ကို လို့ခေါ်ပြီး spin-down state ကို လို့ခေါ်သလိုပေါ့။
တိုင်းတာခြင်း (Measurement)
Quantum computing မှာ အရေးပါတဲ့အပိုင်းတခုကတော့ qubit ကို တိုင်းတာခြင်းအပိုင်းပဲဖြစ်ပါတယ်။ တိုင်းတာခြင်းကို English လို measurement/observation လို့ခေါ်ကြပါတယ်။ Qubit ရဲ့ လက်ရှိ state ကိုသိရအောင် တိုင်းတာခြင်းပါပဲ။ ဒီနေရာမှာထူးဆန်းတဲ့အချက်က qubit state ကို တိုက်ရိုက်တိုင်းတာလို့မရဘူးဆိုတာပါပဲ။ ဒါကဘာကိုဆိုလိုတာလဲဆိုရင် qubit statevector မှာပါတဲ့ component တွေကို တိုက်ရိုက်မသိနိုင်ပါဘူး။ ( က complex number ဖြစ်နေတာက တပိုင်းပေါ့လေ) ဒါက quantum computer ကြောင့်ဖြစ်တာမဟုတ်ပဲ quantum particle တွေရဲ့ပြုမူပုံကြောင့်ဖြစ်ပါတယ်။ ဒါဆိုရင် measurement ရလဒ်က ဘာကိုရတာလဲ။
တိုင်းတာ ခြင်းနှင့် ဖြစ်တန်စွမ်း
Qubit တခုရဲ့ general state ကိုပြန်ကြည့်ပါ။ သူ့မှာ basis vector နှစ်ခုဖြစ်တဲ့ နဲ့ complex component နှစ်ခုဖြစ်တဲ့ တို့ပါဝင်ပါတ ယ်။
Complex component ကို complex amplitude လို့လည်းခေါ်ပါတယ်။ ဒီ amplitude တွေက qubit ကိုတိုင်းတာလိုက်တဲ့အခါ တွေ့ရမယ့်ရလဒ်ရဲ့ ဖြစ်တန်စွမ်း (probability) တန်ဖိုးတွေနဲ့ဆက်နွယ်နေပါတယ်။ Qubit တခုကိုတိုင်းတာလိုက်တဲ့အခါ သူ့ရဲ့ basis state တခုခုကိုပဲအမြဲတမ်းရပါတယ်။ အပေါ်မှာရေးထားတဲ့ qubit မှာ basis state တွေက နဲ့ ဖြစ်တာကြောင့် ဒီ qubit ကိုတိုင်းတာလိုက်ရင် (သို့) တခုခုကိုရပါလိမ့်မယ်။ ဘယ်တခုကိုရမလဲဆိုတဲ့ ဖြစ်တန်စွမ်းက basis အသီးသီးရဲ့မြှောက်ဖော်ကိန်း (complex component) ရဲ့ ပကတိတန်ဖိုးနှစ်ထပ်ကိန်းနဲ့တူညီပါတယ်။ ဒါကိုညီမျှခြင်းနဲ့ရေးရင်−
Complex number တခုရဲ့ ပက တိတန်ဖိုးနှစ်ထပ်ကိန်းကိုရှာချင်ရင် သူနဲ့ သူ့ရဲ့ complex conjugate ကိုမြှောက်ပေးရပါတယ်။ နောက်တနည်းကတော့ ပါပဲ။ ဆိုရင် ။
ဒီညီမျှခြင်းမှာ ရဲ့အဓိပ္ပာယ်က တိုင်းတာလိုက်ရင် ကိုရမယ့် probability ကိုဆိုလိုပါတယ်။
Qubit ကို တိုင်းတာခြင်းရဲ့ အကျိုးဆက်တခုကတော့ တိုင်းတာပြီးတဲ့နောက် qubit state က တိုင်းတာလို့ရတဲ့ရလဒ် (basis state) ကို ရောက်သွားပါတယ်။ ဒါကို collapse ဖြစ်တယ်လို့ခေါ်ပြီး ကွမ်တမ်မက်ကင်းနစ်ရဲ့အကျိုးဆက်တခုဖြစ်ပါတယ်။ ဒီတော့ qubit ကိုထပ်တိုင်းတာရင်လည်း ဒီရလဒ်ပဲပြန်ရနေမှာဖြစ်ပါတယ်။ ဒါကြောင့်လဲ superposition state ကို တိုက်ရိုက်တိုင်းတာလို့ မရနိုင်တာဖြစ်ပါတယ်။ တိုင်းတာခြင်းက qubit ရဲ့ superposition state ကိုပျက်စီးစေတဲ့အတွက် တိုင်းတာခြင်းအဆင့်ကို ကွမ်တမ်တွက်ချက်မှုတွေရဲ့ နောက်ဆုံးမှာပြုလုပ်လေ့ရှိပါတယ်။
Superposition တွင်ရှိသော qubit တစ်ခုကိုတိုင်းတာလိုက်သည့်အခါ basis state တစ်ခုကိုသာရပြီး probability မှာ amplitude နှစ်ထပ်ကိန်းနှင့် တိုက်ရိုက်အချိုးကျသည်
အပေါ်မှာပြောခဲ့တာက qubit ကို basis မှာ measure လုပ်တဲ့ရလာဒ်တွေဖြစ်ပါတယ်။ ဒီ basis မဟုတ်တဲ့ တခြား orthonormal basis တွေကိုသုံးပြီးတော့လည်း တိုင်းတာလို့ရပါသေးတယ်။ ဒီအကြောင်းကိုတော့ နောက်ပိုင်းမှာထပ်ဖော်ပြသွားပါမယ်။
Normalization
Probability သဘောတရားအရ ဖြစ်တန်စွမ်းတွေအားလုံးပေါင်းလဒ်က ၁ နဲ့ညီရပါလိမ့်မယ်။ ကို တိုင်းတာရင်တွေ့ရမယ့်ဖြစ်နိုင်ခြေက နှစ်ခုပဲရှိတဲ့အတွက်−
ဒုတိယညီမျှခြင်းရဲ့ ဘယ်ဘက်ခြမ်းကဖော်ပြချက်က vector ရဲ့ အလျား (သို့) ပကတိတန်ဖိုး (နှစ်ထပ်ကိန်း) နဲ့တ ူညီပါတယ်။ ဒါက qubit တခုကိုဖော်ပြတဲ့ vector တွေအားလုံးက magnitude ၁ ယူနစ်ရှိရမယ်လို့သတ်မှတ်လိုက်တာပါပဲ။ တစ်နည်းအားဖြင့် vector က unit circle ထဲမှာရှိရမယ်လို့ ပြောနိုင်ပါတယ်။ ဒါကို normalization condition လို့ခေါ်ပါတယ်။
ဥပမာအနေနဲ့ qubit state တခုကိုကြည့်ရအောင်။
ဖြစ်တဲ့အတွက် ဒီ state က normalization အခြေအနေကို ပြေလည်စေတာကိုတွေ့ရပါတယ်။ ဒီ qubit ကိုသာ တိုင်းတာလိုက်ရင် ရဖို့ 36% ဖြစ်တန်စွမ်းရှိပြီး ရဖို့ 64% ဖြစ်တန်စွမ်းရှိပါတယ်။
ဒါဆိုရင် အတွက် ဖြစ်နိုင်တဲ့ superposition state တချို့ကို ရေးကြည့်လို့ရပါပြီ။