HomeTags
About

Harmonic Oscillator - Part 3

22 May 2018

harmonicoscillationtransient

Review

အပိုင်း (၁) နဲ့ (၂) မှာရိုးရှင်းတဲ့ spring-mass စနစ်တစ်ခုရဲ့ပြုမူပုံကိုဖော်ပြတဲ့ ညီမျှခြင်းကိုတွက်ချက်ခဲ့ပါတယ်။ အပိုင်း (၂) မှာ initial condition တွေအကြောင်းကိုပြောခဲ့ပါတယ်။ Simple spring-mass စနစ်ရဲ့ ယေဘူယျအကျဆုံးအဖြေကတော့−

x(t)=Acosω0t+Bsinω0tx(t)=A \cos \omega_0 t + B \sin \omega_0 t

(သို့မဟုတ်)

x(t)=acos(ω0t+Δ)x(t)=a \cos (\omega_0 t + \Delta)

အပေါ်ကညီမျှခြင်းနှစ်ခုလုံးက မှန်တဲ့ယေဘူကျအဖြေတွေဖြစ်ပါတယ်။ ω0\omega_0 က natural frequency၊ aa က amplitude နဲ့ Δ\Delta က phase shift ဖြစ်ပါတယ်။ A,B,aA,B,a တို့ကို initial condition တွေကနေရှာရပါမယ်။ ဥပမာ t=0t=0 မှာရှိတဲ့ position x0x_0 နဲ့ velocity v0v_0 တို့ကိုသိရင် x(t)x(t) ကိုရှာနိုင်ပါတယ်။ အခု x(t)x(t) ကို differentiate လုပ်ပြီး v(t)v(t) ကိုရှာရအောင်။

v(t)=ω0Asinω0t+ω0Bcosω0tv(t)=-\omega_0 A \sin \omega_0 t + \omega_0 B \cos \omega_0 t

x(t)x(t) နဲ့ v(t)v(t) ညီမျှခြင်းတွေကို t=0t=0 မှာဖြေရှင်းပြီး sin0=0\sin 0 = 0 နဲ့ cos0=1\cos 0 = 1 ကိုထည့်လိုက်ရင်−

x(0)=x0=A,v(0)=v0=ω0Bx(0)=x_0=A, v(0)=v_0=\omega_0 B

ဒီတော့ A=x0A=x_0 နဲ့ B=v0ω_0B=\frac{v_0}{\omega \_0} ရမယ်။ aa နဲ့ Δ\Delta တန်ဖိုးတွေကိုလည်း အလားတူပဲရှာရပါမယ်။ ဒီကိန်းသေတန်ဖိုးတွေကိုသိရင် xx နဲ့ vv တို့ရဲ့ time အလိုက်ပြောင်းလဲမှုကို အပြည့်အစုံသိရပြီဖြစ်ပါတယ်။

Energy in oscillation

အခု spring-mass စနစ်ရဲ့ oscillation ဖြစ်နေချိန်မှာရှိတဲ့ energy တွေကိုရှာကြည့်ရအောင်။ ပိုပြီ:ရှင်းလင်းအောင်−

x(t)=acos(ω0t+Δ)x(t)= a \cos (\omega_0 t + \Delta)
v(t)=aω0sin(ω0t+Δ)v(t)=-a \omega_0 \sin (\omega_0 t + \Delta)

တို့ကိုသုံးပါမယ်။ ဒီစနစ်မှာ အလေးတုံးရွေ့လျားမှုက အရွေ့စွမ်းအင်နဲ့ စပရိန်က အတည်စွမ်းအင်တို့ရှိပါမယ်။ အရွေ့စွမ်းအင်က သိတဲ့အတိုင်း−

T=12mv2T=\frac 12 mv^2
T=12ma2ω02sin2(ω0t+Δ)T=\frac 12 ma^2 \omega_0 ^2 \sin^2 (\omega_0 t + \Delta)
ω0=km\omega_0 = \sqrt{\frac km}

ကိုထည့်လိုက်ရင်−

T=12ka2ω02sin2(ω0t+Δ)T=\frac 12 ka^2 \omega_0^2 \sin^2 (\omega_0 t+\Delta)

အရွေ့စွမ်းအင်ကလည်း time အလိုက် oscillate ဖြစ်နေတာကို (အံ့သြဖွယ်မကောင်းစွာ) တွေ့ရပါတယ်။ စပရိန်ရဲ့ အတည်စွမ်းအင်က kx dx=12kx2\int kx \ dx = \frac 12 kx^2 ဖြစ်တာကြောင့်−

U=12ka2cos2(ω0t+Δ)U=\frac 12 k a^2 \cos^2 (\omega_0 t + \Delta)

အလေးတုံး အမြင့်ဆုံးနေရာရောက်ရင် အရွေ့စွမ်းအင်သုညဖြစ်သွားပြီ: အတည်စွမ်းအင်ကအများဆုံးဖြစ်သွားပါမယ်။ စဉ်းစားကြည့်ရင် အရွေ့စွမ်းအင်နဲ့ အတည်စွမ်းအင်က တစ်လှည့်စီ နည်းလိုက်များလိုက်ဖြစ်နေပါတယ်။ ဒါပေမယ့် စွမ်းအင်စုစုပေါင်းက ကိန်းသေဖြစ်ရပါမယ်။

T+U=12ka2[sin2(ω0t+Δ)+cos2(ω0t+Δ)]=12ka2T+U=\frac 12 ka^2 [\sin^2 (\omega_0 t+\Delta) + \cos^2 (\omega_0 t + \Delta)] = \frac 12 ka^2

kk နဲ့ aa (maximum amplitude) က ကိန်းသေဖြစ်တဲ့အတွက် စွမ်းအင်စုစုပေါင်းက အမြဲတမ်းကိန်းသေဖြစ်ပါတယ်။ KE vs PE in oscillation

Forced oscillations

Free oscillation ပြီးသွားတဲ့အခါ spring-mass စနစ်ပေါ်ကို ပြင်ပအားသက်ရောက်နေတဲ့ forced oscillation ကိုလေ့လာပါမယ်။

Equation of motion က−

F=mxF=mx''

xx'' က xx ကိုနှစ်ခါရှိတ်ထားတာကိုဆိုလိုပါတယ်။ ဒီနေရာမှာ time အလိုက်ရှိတ်ထားတာဖြစ်တဲ့အတွက် d2xdt2\frac{d^2x}{dt^2} နဲ့အတူတူပါပဲ။ ဒါပေမယ့် xx'' ကစာရိုက်ရတာပိုသက်သာပါတယ်။

x=1m[kx+F(t)]x''=\frac 1m \left[ -kx+F(t) \right]

Time အလိုက်ပြောင်းလဲနိုင်တဲ့ force function တွေကမျိုးစုံရှိနိုင်ပါတယ်။ ပထမဆုံးအနေနဲ့ ရိုးရှင်းတဲ့ function တစ်ခုဖြစ်တဲ့ oscillate ဖြစ်နေတဲ့ force ကိုပေးကြည့်ပါမယ်။

F(t)=F0cosωtF(t)=F_0 \cos \omega t

F0F_0 က force ရဲ့ maximum amplitude ဖြစ်ပြီး ω\omega က force ရဲ့ frequency ဖြစ်ပါတယ်။ (ω0\omega_0 နဲ့ယေဘူယျအားဖြင့် မတူပါဘူး။) Force ရဲ့ frequency က စနစ်ရဲ့ဖွဲ့စည်းပုံပေါ်မတူတည်ပဲ ကိုယ်ပေးချင်တာပေးလို့ရပါတယ်။ F(t)F(t) နဲ့ ω0\omega_0 တွေကိုအစားသွင်းလိုက်ရင် ဖြေရှင်းရမယ့်ညီမျှခြင်းက အောက်ကအတိုင်းဖြစ်ပါတယ်။

x=ω02x+F0mcosωtx''=-\omega_0 ^2 x+ \frac{F_0}{m} \cos \omega t

ဒီညီမျှခြင်းရဲ့အဖြေတစ်ခုက x=Ccosωtx=C \cos \omega t လို့ခန့်မှန်းနိုင်ပါတယ်။ (Spring-mass က ပြင်ပသက်ရောက်အားအလိုက်လှုပ်ရှားမယ်လို့ ခန့်မှန်းတာပါ။) ဒီအဖြေကို စစ်ဆေးဖို့ xx ကိုနှစ်ခါရှိတ်ရပါမယ်။

x=ωCsinωtx'=-\omega C \sin \omega t
x=ω2Ccosωtx''=-\omega^2 C \cos \omega t

ကိန်းသေ C ကိုသာမှန်အောင်ရွေးချယ်နိုင်ရင် ဖြေရှင်းရမယ့် xx'' ညီမျှခြင်းနဲ့ ကိုက်ညီနိုင်ပါတယ်။ ဒီတော့ အခုရလဒ်ကို မူလညီမျှခြင်းနဲ့တူညီစေပြီ: C ကိုရှာပါမယ်။

ω2Ccosωt=ω02Ccosωt+F0mcosωt -\omega^2 C \cos \omega t=-\omega_0 ^2 C \cos \omega t+ \frac{F_0}{m} \cos \omega t 
cosωt\cos \omega t

တွေကနှစ်ဖက်လုံးမှာပါတဲ့အတွက် သူတို့ကိုချေပြီ: C ကိုရှာလိုက်ရင်−

C=F0m(ω02ω2)C=\frac{F_0}{m(\omega_0^2 - \omega^2)}

ကိုရပါမယ်။ ဒီကိန်းသေက x(t)x(t) ရဲ့ maximum amplitude ပါပဲ။ အခုရတဲ့အဖြေက forced oscillation အတွက်ယေဘူယျအဖြေတော့မဟုတ်သေးပါဘူး။ Initial condition တွေမှန်ကန်မှသာဒီအဖြေကမှန်မှာဖြစ်ပြီ: တစ်ခြားအခြေအနေတွေမှာ ခဏအတွင်းသာဖြစ်တဲ့ မတည်ငြိမ်တဲ့တုန့်ပြန်မှုတစ်ခုရှိပါတယ်။ အခုအဖြေကို steady-state response လို့ခေါ်ပြီး ကျန်တဲ့အပိုင်းတစ်ခုကို transient response လို့ခေါ်ပါတယ်။ ယေဘူယျအဖြေကို နောက်ပိုင်းမှာဖော်ပြသွားပါမယ်။

အခုရတဲ့ forced oscillation အတွက် maximum amplitude (C) ညီမျှခြင်းကိုလေ့လာကြည့်ရင် ω0\omega_0 နဲ့ ω\omega (နှစ်ထပ်ကိန်း) တို့ရဲ့ခြားနားချက်ပေါ်မူတည်တာကို တွေ့ရပါလိမ့်မယ် (F_0 ကိုအသေထားရင်)။ Forced frequency ω\omega က အလွန်သေးငယ်ရင် xx နဲ့ FF က direction အတူတူပါပဲ။ ဒီလိုမဟုတ်ပဲ ω\omega က ω0\omega_0 ထက်များနေမယ်ဆိုရင် CC က အနှုတ်ဖြစ်ပြီး xx နဲ့ FF က direction ဆန့်ကျင်ဘက်ဖြစ်ပါမယ်။ Frequency အရမ်းများရင်တော့ စားကိန်းက အရမ်းကြီးပြီ: amplitude နည်းနည်းလေးပဲရပါလိမ့်မယ်။

စိတ်ဝင်စားဖို့ကောင်းတဲ့နောက်တစ်ချက်က ω\omega နဲ့ ω0\omega_0 နဲ့ထပ်တူနီးပါးတူညီတဲ့အခါ စားကိန်းက အရမ်းနည်းသွားပြီ: amplitude က အရမ်းများလာပါမယ်။ ဒီသဘောတရားက ကလေးစီးဒန်းကို လွှဲပေးဖူးတဲ့သူဆိုသိပါတယ်။ ဒန်းလွှဲတဲ့ပုံစံနဲ့ လူကအချိန်ကိုက် အားသက်ရောက်ပေးရင် သိပ်အားစိုက်စရာမလိုပဲ အများကြီ:လွှဲနိုင်ပါတယ်။ ဒီလိုမဟုတ်ပဲ မျက်စိမှိတ်ပြီး ကျပန်းလွှဲပေးရင်တော့ ဒန်းလွှဲပုံနဲ့မကိုက်ပဲ တွန်းရမယ့်နေရာဆွဲပြီး amplitude နည်းသွားပါတယ်။

ω\omega နဲ့ ω0\omega_0 နဲ့လုံးဝတူညီရင်တော့ညီမျှခြင်းအရ amplitude က အနန္တဖြစ်သွားပါတယ်။ ဒါကတော့ လက်တွေ့မှာမဖြစ်နိုင်ပါဘူး။ Amplitude များလာရင် friction နဲ့ တစ်ခြား force တွေသက်ရောက်လာနိုင်ပါတယ်။ ဒါမှမဟုတ် စပရိန်ပြတ်ထွက်သွားနိုင်ပါတယ်။

True knowledge is earned, not given.

A.G. Riddle


TLABlog. CC BY-NC 4.0. Some rights reserved.