Ordinary Differential Equations - Part 1
27 June 2018
differential equationlinearityodesuperpositionODE ဆိုတာဘာလဲ
ဒီညီမျှခြင်းကိုကြည့်ပါ။
ဒီညီမျှခြင်းဟာ variable x ရဲ့ time t အလိုက်ပြောင်းလဲတဲ့ rate of change တွေနဲ့ function of x တွေရဲ့ ဆက်နွယ်ပုံကို ဖော်ပြတဲ့ညီမျှခြင်းဖြစ်ပါတယ်။ Ordinary differential operator တွေနဲ့ဖွဲ့စည်းထားတဲ့ ဒီလိုညီမျှခြင်းကို ordinary differential equation လို့ခေါ်ပါတယ်။ မြှောက်ဖော်ကိန်းတွေဖြစ်တဲ့ a, b နဲ့ c က ကိန်းသေ၊ ဒါမှမဟုတ် x or t တို့ရဲ့ function တွေလည်းဖြစ်နိုင်ပါတယ်။ ဥပမာ simple harmonic oscillation ကိုဖော်ပြတဲ့ညီမျှခြင်းဖြစ်တဲ့−
က ODE တစ်ခုဖြစ်ပါတယ်။ နောက်ဥပမာတစ်ခုအနေနဲ့−
ဒီတစ်ခုမှာ x ရဲ့မြှောက်ဖော်ကိန်းက ကိန်းသေမဟုတ်ပဲ variable t ဖြစ်နေပါတယ်။ ဒါပေမယ့် သူလည်းပဲ ODE တစ်ခုပါပဲ။ Ordinary differential operator မဟုတ်တာကဘာလဲဆိုရင် ဥပမာ partial differential operator () နဲ့ဖွဲ့စည်းထားတဲ့ equation ကိုတော့ partial differential equation လို့ခေါ်ပါတယ်။
ODE တွေအတွက် ကျွန်တော်တို့လုပ်ရမှာက differential equation ကဖော်ပြတဲ့ ဆက်နွယ်ချက်တွေကိုပြေလည်စေတဲ့ function of x ကို ရှာရမှာဖြစ်ပါတယ်။ သဘောကတော့ x(t) ကို မူရင်း equation ရဲ့ဘယ်ဘက်က x နေရာတွေမှာထည့်လိုက်ရင် ညာဘက်ကတန်ဖိုး (0) ကိုရရမှာဖြစ်တယ်။ ဒီတော့ x(t) ကိုဘယ်လိုပဲရှာရှာ မူရင်း equation ကိုပြေလည်စေတယ်ဆိုရင် အဲ့ဒီ့ function က ODE ရဲ့အဖြေတစ်ခုပဲဖြစ်ပါတယ်။
ODE ရဲ့ order ကိုရှာချင်ရင် equation ထဲကအကြီးဆုံး derivative ကိုရှာပါ။ ဥပမာ simple harmonic oscillation equation ရဲ့ highest derivative က ဖြစ်တဲ့အတွက် သူ့ကို second order ODE လို့ ခေါ်ပါတယ်။ အထိပါရင်တော့ third order ODE စသဖြင့်ခေါ်မှာပေါ့။
Linearity of differential equations
Linear ဖြစ်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲဆိုတာ ဒီမှာပြောပြပါမယ်။ ဥပမာအနေနဲ့ oscillator equation ကိုပဲပြန်ကြည့်ပါ။
ကျွန်တော်တို့ရှာလိုက်တဲ့ function က ဒီ equation ကိုပြေလည်စေတယ်ဆိုပါတော့။ ဒါဆိုရင် အဲ့ဒီ့အဖြေကို ကိန်းသေ နဲ့မြှောက်တဲ့ ကလည်း equation ကိုပြေလည်စေပါတယ်။ အကြောင်းရင်းကိုသိချင်ရင် equation နှစ်ဖက်လုံးကို နဲ့မြှောက်လိုက်ပါ။ ညာဘက်မှာက 0 ပဲရပါမယ်။ ကိန်းသေတစ်ခုက differential operator ရဲ့ ရှေ့မှာဖြစ်ဖြစ်၊ နောက်မှာဖြစ်ဖြစ် အကြောင်းမထူးတာမို့ က equation ကိုပြေလည်စေပါတယ်။ အောက်မှာ တစ်ဆင့်ချင်းရေးပြထားပါတယ်။
တစ်ခါ နဲ့မတူတဲ့ function နောက်တစ်ခု ကလည်း oscillation equation ကိုပြေလည်စေတယ်ဆိုတာ တွေ့ပြန်ရောဆိုပါတော့။ စောစောက logic အရ ကလည်း အဖြေတစ်ခုပဲ ဖြစ်မယ်။
ဒါဆိုကျွန်တော်တို့ နောက်ထပ် function တစ်ခုကို စမ်းသပ်ကြည့်ပါမယ်။ ဘာလဲဆိုတော့ အရင်ကအဖြေနှစ်ခုကိုပေါင်းပြီး ကရော ကျွန်တော်တို့ equation ကိုပြေလည်စေလားဆိုတာ စမ်းကြည့်ပါမယ်။ ဒီတော့ မူလ equation ရဲ့ x နေရာမှာ အဲ့ဒီ့ဟာကိုထည့်ကြည့်ပါမယ်။
ဒုတိယအကြောင်းမှာ second derivative ကို ကွင်းထဲဝင်မြှောက်သလိုလုပ်လိုက်ပါတယ်။ ဒါပေမယ့် differential operator က သူ့ချည်းသက်သက်ကိန်းတစ်ခုမဟုတ်တာကြောင့် ဝင်မြှောက်တယ်လို့တော့ ပြောလို့မရပါဘူး။ ဒီလိုလုပ်လို့ရတာဟာ derivative ယူတာက linear operation ဖြစ်တာကြောင့်ဖြစ်ပါတယ်။ ပေါင်းလဒ်ကို derivative ယူတာက ပေါင်းကိန်းတွေကို derivative ယူပြီးမှ ပေါင်းတာနဲ့ အတူတူပါပဲ။ (ဒါကိုသက်သေပြချင်ရင် derivative ရဲ့ ဖွင့်ဆိုချက်ကိုသုံးကြည့်ပါ။) ဒီတော ့ လိုချင်တဲ့အဖြေရအောင် ဒုတိယ equation ကို ပြန်စီလိုက်ရုံပါပဲ။
ဒီတော့ linear ဖြစ်တဲ့ differential equation တစ်ကြောင်းရဲ့အဖြေနှစ်ခုကို ပေါင ်းထားတဲ့ ပေါင်းလဒ်ကလည်း နောက်အဖြေတစ်ခုဖြစ်ပါတယ်။ အဖြေနှစ်ခုထက်ပိုရင်လည်း ဒီကောက်ချက်ကမှန်တာကို အလွယ်တကူသက်သေပြနိုင်ပါတယ်။
Linearity သဘောတရားက သင်္ချာနဲ့သိပ္ပံဘာသာရပ်မှာ အရေးပါတဲ့သဘောတရားတစ်ခုဖြစ်လို့ ဒါကိုနည်းနည်းပိုပြီးနားလည်အောင်ကြိုးစားသင့်ပါတယ်။ နောက်ဥပမာတစ်ခုအနေနဲ့ differential operator မဟုတ်ပဲ ပိုရိုးရှင်းတဲ့ operator တစ်ခု(M လို့ဆိုကြပါစို့) ကိုကြည့်ရအောင်။ M ရဲ့ လုပ်ဆောင်ချက်က သူ့နောက်ကကိန်းကို နှစ်ဆတိုးတဲ့ တာဝန်ရှိတယ်ဆိုပါတော့။
ဒါဆို ဖြစ်တာကို ဖြန့်ဝေရဂုဏ်သတ္တိအရသိနိုင်ပါတယ်။ ဒီတော့ definition အရ M က linear operator တစ်ခုဖြစ်ပါတယ်။ နောက် operator တစ်ခု S ရဲ့လုပ်ဆောင်ချက်က သူ့နောက်ကကိန်းကို နှစ်ထပ်တင်တယ်ဆိုပါတော့။
S ကရော linear operator ဖြစ်လားဆိုတာစစ်ကြည့်ရအောင်။
ရှေ့ဆုံးနဲ့နောက်ဆုံး term ကိုယှဉ်ကြည့်ရင် S က linear operator မဟုတ်တာကိုတွေ့နိုင်ပါတယ်။ Differential equation ထဲမှာပါတဲ့ function တွေအကုန်လုံးက linear ဖြစ်ရင် အဲ့ဒီ့ differential equation ကလည်း linear ဖြစ်ပါတယ်။ အောက်က equation ကတော့ nonlinear differential equation တစ်ခုဖြစ်ပါတယ်။
ယေဘူယျအားဖြင့် ဖြစ်တာကြောင့် linearity definition ကိုမလိုက်နာတာဖြစ်ပါတယ်။
Free-damped oscillation ကိုဖော်ပြတဲ့ differential equation ကတော့ linear ဖြစ်တာကိုကြည့်ရုံနဲ့သိနိုင်ပါတယ်။
ODE ထဲက function တွေကို x ရဲ့ တစ်ထပ်ကိန်းတွေနဲ့ပဲ ဖွဲ့စည်းထားရင် homogeneous ဖြစ်တယ်လို့ခေါ်ပါတယ်။ ဒါပေမယ့် superposition principle က x သုညထပ်ကိန်းပါတဲ့ non-homogeneous equation တွေအတွက်လည်း အလုပ်ဖြစ်ပါတယ်။ ဥပမာ forced oscillation equation လိုမျိုးပေါ့။
Oscillator ပေါ်ကို force နှစ်ခု နဲ့ တို့ တစ်ပြိုင်တည်းသက်ရောက်နေမယ်ဆိုရင် ထွက်လာတဲ့ response က ကြောင့်ဖြစ်တဲ့အရွေ့ နဲ့ ကြောင့်ဖြစ်တဲ့ တို့ပေါင်းလဒ်နဲ့ညီတယ်ဆိုတာ superposition principle ကိုသုံးပြီး မင်းကိုယ်တိုင်သက်သေပြနိုင်ပါတယ်။
Work and determination can overcome most academic problems.
Jack Fraser