HomeTags
About

Harmonic Oscillator - Part 2

16 May 2018

differential equationharmonicoscillation

ပထမအပိုင်းတုန်းက oscillator ရဲ့ ညီမျှခြင်းဖြစ်တဲ့ d2xdt2=x\frac{d^2x}{dt^2}=-x ကိုဖြေရှင်းလိုက်တော့ x=costx=\cos t ရခဲ့ပါတယ်။ ဒါပေမယ့်မူလညီမျှခြင်းဖြစ်တဲ့−

d2xdt2=km x\frac{d^2 x}{dt^2}=-\frac{k}{m}  x

ကိုဖြေရှင်းဖို့ကြိုးစားကြည့်ရအောင်။ ဒီညီမျှခြင်းကို ပထမညီမျှခြင်းနဲ့နှိုင်းယှဉ်လိုက်ရင် factor km\frac km ပိုလာတယ်ဆိုတော့ အဖြေ x(=cost)x (= \cos t) ကိုတစ်ခုခုနဲ့မြှောက်ရင် အဖြေမှာအဲ့ဒီ factor ပါလာနိုင်မလား။ အရင်ဆုံး xx ကို ကိန်းသေ AA နဲ့မြှောက်ပြီး x=Acostx=A \cos t ကိုအစားသွင်းလိုက်ရင် အဖြေက Ax-Ax ရလားကြည့်ရအောင်။

x=Acostx=A\cos t
dxdt=Asint\frac{dx}{dt}=-A\sin t
d2xdt2=Acost=x\frac{d^2x}{dt^2}=-A\cos t=-x

အဲ နောက်ဆုံးအဖြေမှာ ကျွန်တော်တို့လိုချင်တဲ့ xx ရှေ့က factor A ပါမလာပါဘူး။ ဒီတော့ x=Acostx=A\cos t က လိုချင်တဲ့အဖြေမဟုတ်သေးပါဘူး။ ဒါပေမယ့် သူက d2xdt2=x \frac{d^2x}{dt^2}=-x ရဲ့အဖြေဖြစ်နေတာကိုပဲ တွေ့ရပါတယ်။ ဒါကတိုက်ဆိုင်တာမဟုတ်ပဲ LDE တွေရဲ့ဂုဏ်သတ္တိတစ်ခုပဲဖြစ်ပါတယ်။ LDE ရဲ့အဖြေ (LDE ကိုပြေလည်စေသော function) တစ်ခုကို constant တစ်ခုနဲ့မြှောက်ခြင်းကလည်း အဖြေနောက်တစ်ခုပဲဖြစ်ပါတယ်။ တစ်နည်း xx က LDE တစ်ခုရဲ့အဖြေဖြစ်မယ်ဆိုရင် AxAx ကလည်း သူ့ရဲ့အဖြေပဲဖြစ်တယ်။ အလေးတုံးအခြေအနေနဲ့ပြောရရင် xx ကို 2 နဲ့မြှောက်တာက အလေးတုံးသွားတဲ့အကွာအဝေး၊ အရှိန်တွေကိုပါ နှစ်ဆတိုးသွားစေပါတယ်။ ဒါပေမယ့် အကွာအဝေးနှစ်ဆကို အရှိန်နှစ်ဆနဲ့သွားတဲ့အတွက် အချိန်ကအတူတူပဲယူပါတယ်။ တစ်နည်းပြောရရင် xx နဲ့ 2x2x က အပေါ်အောက်ရွေ့လျားချိန် time scale (period) မှာအတူတူပဲဖြစ်ပြီ: ရွေ့လျားတဲ့အကွာအဝေး (သို့) လွှဲကျယ် (​amplitude) ပဲကွာတာဖြစ်ပါတယ်။

ညီမျှခြင်း (၁) ကိုဖြေရှင်းဖို့ နောက်ကိန်းတစ်ခုကိုတင်သွင်းကြည့်ပါမယ်။ ဖြစ်နိုင်တဲ့ function အမျိုးမျိုးကို ဒီညီမျှခြင်းထဲထည့်ပြီ: ပြေလည်စေလားဆိုတာကြည့်တာပေါ့။ ဒီတော့  xx ကို constant နဲ့မြှောက်တာမရဘူးဆိုရင် time variable ဖြစ်တဲ့ cost\cos t ထဲက tt ကိုမြှောက်ကြည့်ရင်ရော။ ဥပမာ x=cosω0tx=\cos \omega_0 t က ညီမျှခြင်း (၁) ပုံစံကိုပြေလည်စေလားဆိုတာ စမ်းကြည့်ရအောင်။ ω0\omega_0 က စောစောက A လိုပဲ ကိန်းသေတစ်ခုပါပဲ။

x=cosω0tx=\cos \omega_0 t
dxdt=ω0sinω0t\frac{dx}{dt}=-\omega_0 \sin \omega_0 t
d2xdt2=ω02cosω0t\frac{d^2x}{dt^2}=-\omega_0^2 \cos \omega_0 t

ဒီညီမျှခြင်းကို ညီမျှခြင်း (၁) နဲ့နှိုင်းယှဉ်ကြည့်ပြီး ω02=km\omega_0^2 = \frac km ကိုထည့်လိုက်ရင် x=coskmtx=\cos \sqrt{\frac km} t က ဒီညီမျှခြင်းကို ပြေလည်စေတာတွေ့ရပါမယ်။ ဒီမှာသုံးတဲ့ ω0\omega_0 ကိုယ်တိုင်ကလည်း အရေးပါတဲ့ကိန်းတစ်ခုဖြစ်တဲ့အတွက် နောက်ပိုင်းမှာသူ့ကိုပဲ အသုံးပြုသွားပါမယ်။

ω0\omega_0 ကဘာကိုဆိုလိုတာလဲ၊ တစ်နည်း ω0\omega_0 ကဘာကိုပြတဲ့ကိန်းလဲ။ cosω0t\cos \omega_0 t ကိုကြည့်ပါ။ Cosine function ကသိတဲ့အတိုင်း periodic function လို့ခေါ်တဲ့ အဝိုင်းပတ်သလိုပြန်ပြန်ထပ်နေတဲ့ function တစ်ခုဖြစ်တယ်။ သူ့ရဲ့တစ်ပတ်ပြန်လည်တဲ့ထောင့်က 2π2\pi ။ ဒီတော့ ω0t=2π\omega_0 t=2\pi မှာ xx က မူလတန်ဖိုးပြန်ရောက်မယ် (အလေးတုံးကမူလနေရာပြန်ရောက်မယ်)။  တစ်ပတ်ပြည့်ဖို့ကြာမယ့်အချိန်(period) ကတော့ tb=2πω0t_b=\frac{2\pi}{\omega_0} ဖြစ်မယ်။ ဒီတော့ အလေးတုံးထက်အောက်တစ်ပတ်လွှဲချိန် (period) က ω0\omega_0 နဲ့ပြောင်းပြန်အချိုးကျပါတယ်။ ω0\omega_0 ညီမျှခြင်းကို နောက်တစ်ခေါက်ပြန်ကြည့်စို့။

ω0=km\omega_0 = \sqrt{\frac km}
tb=2πω0=2πmkt_b=\frac{2\pi}{\omega_0}=2\pi \sqrt{\frac mk}

ဒီညီမျှခြင်းအရ period က အလေးတုံးဒြပ်ထု (m) နဲ့တိုက်ရိုက်အချိုးကျပြီ: စပရိန်ကိန်းသေ (k) နဲ့ပြောင်းပြန်အချိုးကျပါတယ်။ ပိုလေးတဲ့အလေးတုံးကိုသုံးရင် အင်နားရှားများတဲ့အတွက် လှုပ်ရှားမှုနှေးပြီးအိပဲ့အိပဲ့ဖြစ်နေတာကြောင့် တစ်ပတ်ပြည့်ဖို့အချိန်ပိုယူပါတယ်။ စပိရိန်ကိန်းသေများတာကိုသုံးရင် စပရိန်ကပိုတောင့်တာကြောင့် အလေးတုံးကိုပိုဆွဲနိုင်ပြီး မြန်မြန်လှုပ်ရှားစေတာဖြစ်ပါတယ်။

ω0\omega_0 ကို spring-mass စနစ်ရဲ့ သဘာဝကြိမ်နှုန်း (natural frequency) လို့ခေါ်ပါတယ်။ အခုလောလောဆယ် ဒီစနစ်ကပြင်ပသက်ရောက်အားမရှိပဲ သူ့သဘာဝအတိုင်းလှုပ်ရှားနေတာကြောင့် ဒီလိုခေါ်တာဖြစ်ပါတယ်။ ကြိမ်နှုန်း (frequency) ဆိုတာ တစ်စက္ကန့်အတွင်း အလေးတုံး အပေါ်အောက်ဘယ်နှစ်ပတ်ရွေ့လဲဆိုတာပြတဲ့ကိန်းပါ။  Period အတိုင်းပဲ natural frequency ကလဲ ဒီစနစ်ကိုဖွဲ့စည်းထားတဲ့ spring constant နဲ့ mass တို့ပေါ်မူတည်ပါတယ်။

kk နဲ့ mm ကိုသိရင် tbt_b နဲ့ ω0\omega_0 ကိုတွက်လို့ရပါတယ်။ ဒါပေမယ့် ဘယ်လောက်ရွေ့မယ် (xmaxx_max)၊ တစ်နည်း လွှဲကျယ်(amplitude) ကိုတော့ တွက်လို့မရသေးပါဘူး။ Amplitude ကအလေးတုံးကို စတင်လှုပ်ရှားစေတဲ့အခြေအနေ (initial xx or velocity v=dxdtv=\frac{dx}{dt}) ပေါ်မူတည်ပါတယ်။

မူလအခြေအနေများ (Initial conditions)

မူလအခြေအနေဆိုတာ စနစ်ကိုစတင်တွက်ချက်တဲ့အချိန် (t=0t=0) မှာရှိတဲ့ အရွေ့ (xx နဲ့ အလျင် vv) တန်ဖိုးတွေပဲဖြစ်ပါတယ်။ အပေါ်မှာပြောခဲ့တဲ့အတိုင်း အလေးတုံးရဲ့လွှဲကျယ်(amplitude) က t=0t=0 မှာရှိတဲ့ xx နဲ့ vv တို့ပေါ်မူတည်ပါတယ်။ Natural frequency ကိုချုပ်ကိုင်ထားတဲ့ spring constant နဲ့ mass ကိုမပြောင်းလဲသရွေ့ frequency နဲ့ အပေါ်အောက်တစ်ပတ်ပြည့်ဖို့ကြာချိန် (period) ကပြောင်းလဲမှာမဟုတ်ပါဘူး။ ဒီသဘောတရားကို LDE ညီမျှခြင်းကဘယ်လိုပြောပြနေလဲဆိုတာ လေ့လာဖို့ ညီမျှခြင်း(၁) ရဲ့ အဖြေတစ်ခုဖြစ်တဲ့ x=Acosω0tx=A \cos \omega_0 t ကိုကြည့်ပါ။ AA က maximum amplitude ကိုပြတာဖြစ်ပြီး သူ့ရဲ့တန်ဖိုးက initial displacement x(0)x(0) ပေါ်မူတည်ပါတယ်။

အောက်မှာ harmonic oscillator ကိုသရုပ်ပြတဲ့ app တစ်ခုရှိပါတယ်။ mass, spring constant နဲ့ initial x တို့ကိုပြောင်းလဲပြီးစမ်းကြည့်ပါ။ လှုပ်ရှားစေဖို့ Run ကိုနှိပ်ပါ။ Geogebra applet credit : Harmonic oscillator

Simple Harmonic Motion Simulation

အောက်မှာ အလေးတုံးရဲ့ position ကို time အလိုက်နမူနာဂရပ်(အပြာရောင်) ဆွဲထားပါတယ်။ အပေါ်မှာရခဲ့တဲ့အဖြေအတိုင်း amplitude က AA နဲ့ period က tbt_b ဖြစ်ပြီ: ဂရပ်က cosine function ပုံဖြစ်ပါတယ်။ Oscillation Cosine

ဒီဂရပ်က မူလအခြေအနေမှာ position AA မှာရှိနေတဲ့ အလေးတုံးရဲ့ရွေ့လျားမှုပုံစံဖြစ်ပါတယ်။ ဒါပေမယ့် ဒီ spring-mass စနစ်က အခန်းတစ်ခုထဲမှာရှိနေပြီး သင်ကအချိန် t1t_1 ကျမှအခန်းတံခါးကိုဖွင့်ကြည့်လိုက်တယ်ဆိုပါတော့။ သင့်ညီမျှခြင်းတွေအတွက် t1t_1 မှာရှိနေတဲ့ အလေးတုံးရဲ့ position နဲ့ velocity တွေက initial condition တွေဖြစ်နေပါမယ် (တစ်နည်း t1t_1 က သင့်အတွက် t0t_0 ဖြစ်နေပြီး time scale က t1t_1 ပမာဏရွေ့သွားပါတယ်)။ အနီရောင်ဂရပ်နဲ့ပြထားတဲ့ ဒီအခြေအနေအတွက် ညီမျှခြင်း(၁) ရဲ့ နောက်အဖြေတစ်ခုက x=Acosω0(tt1)x=A \cos \omega_0 (t-t_1) ဖြစ်ပါတယ်။ t1t_1 က ကိန်းသေဖြစ်တဲ့အတွက် ω0t1\omega_0 t_1 ကို Δ\Delta လို့ခေါ်မယ်ဆိုရင်−

x(t)=Acos(ω0t+Δ) x(t)=A \cos (\omega_0 t+\Delta) 
x(t)=A(cosω0tcosΔsinω0tsinΔ)x(t)=A (\cos \omega_0 t \cos \Delta - \sin \omega_0 t \sin \Delta)
x(t)=Acosω0t+Bsinω0tx(t)=A' \cos \omega_0 t+ B' \sin \omega_0 t

where

A=AcosΔ and B=BcosΔA'=A \cos \Delta \text{ and } B'=B \cos \Delta

AA' နဲ့ BB' က initial condition တွေကနေရှာရမှာဖြစ်ပါတယ်။ ဒီအဖြေက ညီမျှခြင်း (၁)ရဲ့ ယေဘူကျအကျဆုံးအဖြေဖြစ်ပါတယ်။


TLABlog. CC BY-NC 4.0. Some rights reserved.