Glossary and terms
Post hoc fallacy (Placebo effect)
လွန်ဆွဲရင်မိုးရွာတယ်ဆိုတာ ကြားဖူးပါသလား။ တစ်ကယ်ရော လွန်ဆွဲရင်မိုးရွာသလား။ လွန်ဆွဲတဲ့ကိစ္စက water cycle နဲ့ မိုးရွာတာကို ဘယ်လိုသက်ရောက်မှုရှိသလဲ စဥ်းစားကြည့်ပါ။ \frac{a}{b}$ ဖြစ်နိုင်တာကတော့ တစ်ချိန်က လွန်ဆွဲပွဲလုပ်နေတုန်း မိုးရွာတာနဲ့ တိုက်ဆိုင်သွားတာ ဖြစ်နိုင်ပါတယ်။ အဲ့ဒါကို လွန်ဆွဲလို့ မိုးရွာတယ်လို့ မှားယွင်းယူဆခဲ့ကြတာ ဖြစ်နိုင်ပါတယ်။ “Post hoc ergo propter hoc” ဆိုတာ Latin ဘာသာစကားဖြစ်ပြီး “after this, therefore because of this” “ဒီဟာြပီးရင် ဟိုဟာဖြစ်တယ်၊ ဒါကြောင့် ဒီဟာကြောင့် ဟိုဟာဖြစ်တယ်” လို့ အဓိပ္ပာယ်ရပါတယ်။ ကြက်ဖတွန်ပြီးမှ နေထွက်တယ်ဆိုရင် ကြက်ဖတွန်လို့ နေထွက်တာလား၊ ကြက်ဖမတွန်ရင် နေမထွက်တော့ဘူးလား။ ကြက်ဖတွန်လို့ နေထွက်တာလား နေထွက်လို့ ကြက်ဖတွန်တာလား။ သာမန်ခေါင်းကိုက်တဲ့လူတစ်ယောက်ဟာ... Continue Reading →